A cool escape for the Thadingyut holiday
Thadingyut is one of the best times of the year for a short trip in Myanmar.
In 2026, the Thadingyut full moon falls on October 25, with public holidays continuing through October 27.
For those looking to leave the heat and busy city behind for a few days, Kalaw offers a very different atmosphere — cool mountain air, green hills, quiet roads and a slower rhythm of life.
October is still part of the rainy season, but temperatures in Kalaw are pleasantly cool, with cooler mornings and evenings especially toward the end of the month.
သီတင်းကျွတ်ပိတ်ရက်က မိသားစု၊ သူငယ်ချင်းတွေနဲ့ ခရီးတိုလေးထွက်ဖို့ အကောင်းဆုံးအချိန်တွေထဲက တစ်ခုပါ။
မြို့ပြရဲ့ ပူပြင်းမှုနဲ့ ရှုပ်ထွေးမှုကနေ ခဏလောက်ဝေးပြီး၊ အေးမြတဲ့လေထု၊ စိမ်းလန်းတဲ့တောင်တန်းတွေနဲ့ အေးချမ်းတဲ့ပတ်ဝန်းကျင်ကို ခံစားချင်ရင် ကလောက သင့်တော်တဲ့ နေရာလေးတစ်ခုပါ။

Why Kalaw for Thadingyut?
Kalaw is especially suited to travelers who do not want to pack too much into their holiday.
You can walk through town, visit the market, explore nearby villages, enjoy local food and spend time in cafes without needing a complicated itinerary.
For families, couples and groups of friends, it is a place where the journey itself can feel relaxing.
ကလောက အေးအေးဆေးဆေး အနားယူချင်သူတွေအတွက် အထူးသင့်တော်တဲ့ တောင်ပေါ်မြို့လေးတစ်မြို့ပါ။
အလုပ်နဲ့ မြို့ပြရဲ့ အရှုပ်အရှင်းတွေကနေ ခဏလောက်ဝေးပြီး၊ အေးမြတဲ့လေထု၊ တောင်တန်းတွေ၊ ရွာလေးတွေနဲ့ သဘာဝအလှကို ခံစားရင်း သီတင်းကျွတ်ပိတ်ရက်ကို အေးအေးဆေးဆေး ဖြတ်သန်းနိုင်ပါတယ်။
ခရီးစဉ်ကို အချိန်ဇယားပြည့်ပြည့်နဲ့ စီစဉ်စရာမလိုဘဲ၊ ကိုယ်သွားချင်တဲ့နေရာကို ဖြည်းဖြည်းချင်း လည်ပတ်ရင်း အနားယူလို့ရတာက ကလောရဲ့ အားသာချက်တစ်ခုပါ။
Take a walk around Kalaw
One of the easiest ways to enjoy Kalaw is simply to walk.
Around Hinode Hotel, quiet roads lead toward local villages, religious sites and countryside scenery. You can also use our original Kalaw Walking Map to explore some of the places close to the hotel.
If you prefer a slower holiday, walking in Kalaw is often enough to make the day feel special.
ကလောကို ခံစားဖို့ အလွယ်ဆုံးနည်းလမ်းတွေထဲက တစ်ခုကတော့ လမ်းလျှောက်တာပါ။
Hinode Hotel အနီးတစ်ဝိုက်မှာ တိတ်ဆိတ်တဲ့လမ်းလေးတွေ၊ ဒေသခံရွာလေးတွေ၊ ဘုရားကျောင်းတွေနဲ့ သဘာဝရှုခင်းတွေ ရှိပါတယ်။ အေးအေးဆေးဆေး လမ်းလျှောက်ရင်း နေ့စဉ်ဘဝရဲ့ အသေးစိတ်လေးတွေကိုလည်း မြင်တွေ့နိုင်ပါတယ်။

Visit Kalaw Market
Kalaw Market is a good place to experience the everyday side of the town.
Local vegetables, fruit, food and daily goods fill the market, and people from the surrounding area come to buy and sell produce.
During the holiday period, the town can feel livelier than usual, so the market is also a good place to enjoy the seasonal atmosphere.
ကလောဈေးက ဒေသခံတွေရဲ့ နေ့စဉ်ဘဝကို နီးနီးကပ်ကပ် မြင်နိုင်တဲ့ နေရာကောင်းတစ်ခုပါ။
ဒေသထွက် ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေ၊ အစားအသောက်တွေနဲ့ နေ့စဉ်အသုံးအဆောင်တွေကို တွေ့နိုင်ပြီး၊ ပတ်ဝန်းကျင်ရွာတွေကနေ ဈေးလာရောင်း၊ ဈေးလာဝယ်ကြတဲ့ လူတွေလည်း တွေ့ရပါတယ်။
သီတင်းကျွတ်ပိတ်ရက်လို အချိန်မျိုးမှာ ကလောမြို့ရဲ့ စည်ကားတဲ့ဘက်ကိုလည်း ခံစားကြည့်လို့ကောင်းတဲ့ နေရာတစ်ခုပါ။

Enjoy coffee in the cool mountain air
A cup of coffee feels especially good in Kalaw’s cooler weather.
Cafe Kalaw is only a short walk from Hinode Hotel, and guests can stop by for carefully prepared coffee during their stay.
For us, coffee is closely connected to Kalaw — to the hills, farms, climate and people of the region.
ကလောရဲ့ အေးမြတဲ့လေထုထဲမှာ ကော်ဖီကောင်းကောင်းတစ်ခွက်နဲ့ အေးအေးဆေးဆေး အချိန်ဖြုန်းတာကလည်း သီတင်းကျွတ်ခရီးရဲ့ ပျော်စရာတစ်ခုပါ။
Hinode Hotel ကနေ မဝေးတဲ့ Cafe Kalaw မှာ ကော်ဖီသောက်ရင်း ခဏနားနိုင်ပါတယ်။ ကလောရဲ့ ကော်ဖီဟာ ကျွန်တော်တို့အတွက် သောက်စရာတစ်ခွက်တည်းမဟုတ်ဘဲ၊ ဒီဒေသရဲ့ တောင်တန်းတွေ၊ စိုက်ခင်းတွေနဲ့ လူတွေရဲ့ဘဝနဲ့လည်း ဆက်နွယ်နေပါတယ်။

Spend time with family and friends
Thadingyut is also a time when many people travel with family and friends.
Kalaw works well for this because there is no need to rush. You can share a meal, take a walk, sit together over coffee and simply enjoy having more time together.
At Hinode Hotel, both Deluxe and Superior rooms are available for couples, families and groups traveling together.
သီတင်းကျွတ်က မိသားစု၊ သူငယ်ချင်းတွေနဲ့ အတူတူ အချိန်ဖြုန်းဖို့ ကောင်းတဲ့အချိန်လည်း ဖြစ်ပါတယ်။
ကလောမှာတော့ အလျင်လိုစရာမလိုဘဲ အတူတူ လမ်းလျှောက်တာ၊ စားသောက်တာ၊ ကော်ဖီသောက်ရင်း စကားပြောတာမျိုးနဲ့ ရိုးရိုးရှင်းရှင်း အချိန်ဖြုန်းလို့ရပါတယ်။
Hinode Hotel မှာလည်း စုံတွဲတွေ၊ မိသားစုတွေနဲ့ သူငယ်ချင်းအဖွဲ့တွေအတွက် Deluxe Room နဲ့ Superior Room နှစ်မျိုးလုံး ရွေးချယ်နိုင်ပါတယ်။

Taste local food
Food is an important part of any holiday.
At Hinode Hotel, guests can enjoy breakfast, local village-style dishes by reservation and our special Hinode Hamburger Steak.
After a day outside, a warm meal and a quiet evening can be one of the best parts of a stay in Kalaw.
ခရီးထွက်တဲ့အခါ အစားအသောက်ကလည်း အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။
Hinode Hotel မှာ မနက်စာအပြင်၊ ကြိုတင်မှာယူထားရင် ဒေသခံရွာလေးတွေရဲ့ အိမ်ချက်ဟင်းလျာပုံစံတွေနဲ့ Hinode Hamburger Steak ကိုလည်း သုံးဆောင်နိုင်ပါတယ်။
တစ်နေ့တာလည်ပတ်ပြီးတဲ့နောက် ပူပူနွေးနွေး အစားအသောက်တစ်ပွဲနဲ့ အေးအေးဆေးဆေး ညနေခင်းကို ဖြတ်သန်းရတာကလည်း ကလောမှာ နေထိုင်ရတဲ့ ပျော်စရာတစ်ခုပါ။

Evenings in Kalaw
One of the nicest things about Kalaw is how different the evenings feel from the daytime.
As the temperature drops, the air becomes cooler and quieter.
A light jacket can be useful, especially later in October.
Rather than filling every hour with sightseeing, leave some time to enjoy the evening slowly.
ကလောရဲ့ ညနေခင်းတွေက နေ့ခင်းဘက်နဲ့ မတူတဲ့ အေးချမ်းမှုတစ်မျိုးရှိပါတယ်။
ညပိုင်းရောက်လာတာနဲ့ လေထုက ပိုအေးလာပြီး ပတ်ဝန်းကျင်လည်း ပိုတိတ်ဆိတ်လာပါတယ်။ အောက်တိုဘာလနှောင်းပိုင်းဆို အပေါ်ဝတ်အင်္ကျီပါးပါးတစ်ထည် ယူလာတာ အဆင်ပြေပါတယ်။
ညနေခင်းတိုင်းကို အပြင်လည်ဖို့ပဲ မစီစဉ်ဘဲ၊ တစ်ခါတလေ ဟိုတယ်မှာ အေးအေးဆေးဆေး အနားယူရင်း ကလောရဲ့ ညနေခင်းကို ခံစားကြည့်ပါ။
A simple 2-night Thadingyut stay
If you are planning a short Thadingyut trip, two nights in Kalaw can be enough to enjoy the town without rushing.
Day 1
Arrive in Kalaw → Check in → Walk around the neighborhood → Coffee at Cafe Kalaw → Relaxing dinner
Day 2
Breakfast → Kalaw Market → Walking around town or nearby villages → Local sightseeing → Quiet evening at the hotel
Day 3
Slow breakfast → Short morning walk → Check out
This is not a schedule you need to follow exactly. The point is to leave enough time to enjoy Kalaw at a slower pace.
သီတင်းကျွတ်ပိတ်ရက်ကို ကလောမှာ ၂ ညလောက် နေရင်လည်း အလျင်လိုစရာမလိုဘဲ မြို့ရဲ့ အရသာကို ကောင်းကောင်း ခံစားနိုင်ပါတယ်။
အစီအစဉ်ကို အပြည့်အဝ လိုက်လုပ်ဖို့မလိုပါဘူး။ လမ်းလျှောက်ဖို့၊ ကော်ဖီသောက်ဖို့၊ အေးအေးဆေးဆေး ထိုင်ဖို့ အချိန်လေး ချန်ထားတာက ပိုပြီး ကလောနဲ့ လိုက်ဖက်ပါတယ်။
Stay at Hinode Hotel this Thadingyut
Hinode Hotel is located in a quiet part of Kalaw, surrounded by hills and local villages while remaining within easy reach of the town center.
Our rooms are simple, spacious and comfortable, and guests can enjoy breakfast and carefully selected coffee from Cafe Kalaw during their stay.
Spend your Thadingyut holiday somewhere a little cooler, quieter and slower.
သီတင်းကျွတ်ပိတ်ရက်မှာ ကလောရဲ့ အေးမြတဲ့ရာသီဥတုနဲ့ အေးချမ်းတဲ့အငွေ့အသက်ကို ခံစားရင်း Hinode Hotel မှာ အေးအေးဆေးဆေး အနားယူလိုက်ပါ။
မိသားစုနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ်၊ ကိုယ်ချစ်ရသူနဲ့ဖြစ်ဖြစ် ကလောမှာ ဖြည်းဖြည်းချင်း အချိန်ဖြုန်းပြီး ဒီနှစ်သီတင်းကျွတ်ကို အမှတ်တရလေးတစ်ခု ဖြစ်အောင် ဖန်တီးကြည့်ပါ။
→ BOOK NOW

